Drive 2019

Drive 2019

Action Crime Bollywood

ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလေးတော့ နည်းနည်းပါမယ်ဗျ။အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများစုက တရားမဝင်ငွေမည်းတွေနဲ့ လည်ပတ်နေကြတယ်။ဒီလိုလုပ်ငန်းရှင်တွေရဲ့ တရားမဝင်ငွေကြေးတွေကို ရှာဖွေစီစစ်ဖို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေ အစိုးရကဖွဲ့စည်းထားတယ်။ဆိုးတာက အဲဒီအဖွဲ့အစည်းတွေရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Vibha Singhဆိုတဲ့ အဖွားကြီးကိုယ်တိုင်က ဒီလုပ်ငန်းရှင်တွေရဲ့ငွေမည်းတွေကို သူ့အတွက်ခွဲတမ်းယူပြီး ငွေမည်းခဝါချပေးနေတယ်။

တစ်ဖက်မှာလည်း King လို့နာမည်ရတဲ့ စောရဝိဇ္ဇာတစ်ယောက်က အဲဒီလုပ်ငန်းရှင်ကြီးတွေရဲ့တရားမဝင်ပိုင်ဆိုင်မှုတွေကို ခိုးလိုက်၊ ဓားပြတိုက်လိုက်နဲ့ အမှည့်ခြွေနေပြန်ပါတယ်။Kingရဲ့ ကစားကွက်တစ်ခုက သူအမှုကျူးလွန်ခဲ့တဲ့ နေရာမှာဘုရင်ပုံဖဲချပ်လေးတစ်ချက်ထားခဲ့ပြီးသူနောက်ထပ်အမှုကျူးလွန်မယ့်နေရာကို အတိအလင်းချပြပြီး စိန်ခေါ်သွားတတ်တာပါ။

အဲဒီလိုနဲ့ King ကျူးလွန်သွားတဲ့ ဓားပြမှုတစ်ခုမှာ သဲလွန်စအနေနဲ့ ပြိုင်ကားဘီးရာတစ်ခုကို ထောက်လှမ်းရေးအဖွဲ့က ရသွားတယ်။ဒီကားတာယာအရ စုံစမ်းကြတဲ့အခါ Street Racingအဖွဲ့တစ်ခုက Taraလို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ရဲ့ ကားဖြစ်နေတယ်။နောက်ဆုံးကျူးလွန်ခဲ့တဲ့အမှုမှာ Kingကလည်း သူနောက်တစ်ခါဓားပြတိုက်မယ့်နေရာက နိုင်ငံတော်သမ္မတရုံးပါလို့ အတိအလင်းစိန်ခေါ်သွားလေတော့…..Kingက ဘယ်သူလဲ၊ ပြိုင်ကားအဖွဲ့က မိန်းကလေးကရော Kingနဲ့ဘယ်လိုပတ်သတ်နေလဲ၊အဂတိလိုက်စားမှုကျူးလွန်နေကြတဲ့ အစိုးရအဖွဲ့ဝင်လူကြီးမင်းတွေကရောဒီအမှုနဲ့ ဘယ်လိုပတ်သတ်နေသလဲဆိုတာတွေကို Street Racingလောကရဲ့ ယှဉ်ပြိုင်မှုတွေနဲ့အတူ ခံစားကြည့်လိုက်ပါဦးဗျာဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Kyaw Zaw Htet ပဲဖြစ်ပါတယ်…

YIFY Myanmar က ကိုယ်ပိုင် ဆာဗာပေါ်မှာ ရုပ်ရှင်တွေကို မျှ၀ေတဲ့ Website တစ်ခု ဖြစ်ပြီး Virus Link ကြော်ငြာလင့်တွေ လုံး၀မပါတဲ့ Website တစ်ခုဖြစ်ပါတယ်။ ကြေငြာကနေ အခကြေးငွေရခြင်းမရှိတာမို့ Yify Myanmar ရေရှည်ရပ်တည်နိုင်ဖို့ လစဉ်ကြေးနဲ့ ၀ယ်ယူ အားပေးကြဖို့ တိုက်တွန်းပါတယ်။

Buy and Support Us

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger