Kedarnath 2018

Kedarnath 2018

Drama Romance Bollywood

ဇတ်လမ်းလေးကတော့ မန်ဆူး လို့ ခေါ်တဲ့ ကောင်လေးနဲ့မူကူး လို့ ခေါ်တဲ့ ကောင်မလေး တစ်ယောက် တို့ နဲ့ စတင်ထားတယ်… ကျနော်တို့ မြန်မာနိုင်ငံမှာဆို အထင်ကရ ကျိုက်ထီးရိုးဘုရား ကိုဘုရားဖူးတွေက လမ်းလျှောက်တက်ကြတယ်အသက်ကြီးသူတွေကတော့ ကားတို့ဆိုက်ကယ်တို့ နဲ့ အဆင်ပြေသလိုပေါ့ဒီဇတ်လမ်းထဲမှာလဲ အရှင်ရှီဗား ကို ဝတ်ပြု ကိုးကွယ်ဖို့ အတွက်လူတွေဟာ တောင်ပေါ်ကို ခြေလျင် တက်ကြတယ်အရှင်ရှီဗား ရဲ့ ဝတ်ကျောင်းဆောင်ကို ရောက်ဖို့ လမ်းလျှောက်တက်ကြသလိုအသက်ကြီးရွယ်အိုတွေကတော့ အထမ်းသမား နဲ့ တက်ရတယ်…အဲ့ဒီ အထမ်းသမားတွေထဲမှာ မန်ဆူး လို့ ခေါ်တဲ့ကောင်လေး တစ်ယောက်လဲ အပါပေါ့…အထမ်းသမားတွေဟာ မန်ဆူး ကို မြင်ရင် နှာခေါင်းရှုံ့သွားကြတယ်ဘာလို့လဲ ဆိုတော့ ဘုရားဖူးဖို့ လိုက်ပို့တဲ့ အထမ်းသမားကမွတ်စလာမ် ကောင်လေး ဖြစ်နေလို့ပါ… ဒါပေမဲ့ တောင်ပေါ် ရောက်တဲ့ အခါကျရင် မန်ဆူး ကို လူတွေကပိုပြီး ချစ်သွားကြတော့တာပဲ… ဘာသာတရားကို ပုံမန်လူတွေ သိတာ ကိုင်းရှိုင်းတာထက်ကိုမန်ဆူး က ပိုပြီး လေးစားတက် ကြည်ညို တက်ပါတယ်ဘုရားဖူးတွေကို ဘုရားစာတွေ တစ်လမ်းလုံးရွတ်ဖတ်ပြတယ်ဘုရားအကြောင်းတွေ ရှင်းပြတယ်…ဒီလို နဲ့ ဘုရားဖူးတွေကို စိတ်ချမ်းသာမှုအပြည့်ပေးတက်သူလေးပေါ့… အဖေ မရှိ တစ်ဦးထဲသော အမေကိုလုပ်ကျွေးနေတဲ့ အထမ်းသမားလေး မန်ဆူး ဟာအမေ့ကိုလဲ ပိုက်ဆံ အပြည့်အ၀ မပေးနိုင်ပါဘူးသူချစ်တဲ့ ဘုရားဖူးတွေဆို အမြဲ ဈေးလျှော့ပေးရတာနဲ့မုန့်ဝယ်ကျွေးရတာနဲ့ ပိုက်ဆံ အပိုကျန်တာ သူများထက်နည်းပါတယ် အမေ့ အဆူခံရတာလဲ အမြဲတမ်းပေါ့… ဒီလို လူရိုးလေး မန်ဆူး ဟာ တစ်ရက်မှာတော့စွာတေးမလေး မူကူး နဲ့ တွေ့တော့တာပဲမူကူးဆိုတာကလဲ ဘုရားလူကြီး ရဲ့ သမီးအငယ်ဆုံးမန်ဆူး နဲ့ဆို ဘာသာခြားတဲ့ အပြင် မူကူး တို့မိသားစု တွေက ဘာသာခြားဆို သိပ်ကြည့်လို့ရတဲ့သူတွေမဟုတ်ပြန် ဒီတော့ကာ စွာတေးမလေး မူကူး နဲ့လူရိုးလေး မန်ဆူး တို့ ရဲ့ ဇတ်လမ်းကိုအဘဆရာသာရစ် က ဘာသာပြန်ပေးထားပြီးအညွှန်းကို Thit San Khant မှ ရေးပေးထားလို့ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး …

YIFY Myanmar က ကိုယ်ပိုင် ဆာဗာပေါ်မှာ ရုပ်ရှင်တွေကို မျှ၀ေတဲ့ Website တစ်ခု ဖြစ်ပြီး Virus Link ကြော်ငြာလင့်တွေ လုံး၀မပါတဲ့ Website တစ်ခုဖြစ်ပါတယ်။ ကြေငြာကနေ အခကြေးငွေရခြင်းမရှိတာမို့ Yify Myanmar ရေရှည်ရပ်တည်နိုင်ဖို့ လစဉ်ကြေးနဲ့ ၀ယ်ယူ အားပေးကြဖို့ တိုက်တွန်းပါတယ်။

Buy and Support Us

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger