Sekigahara 2017

Sekigahara 2017

Drama History War Japan

ဒီ sekigahara ရုပ်ရှင်ဟာ ဂျပန်နိုင်ငံသမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ ခြောက်နာရီကြာအောင်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှန်တိုက်ပွဲတစ်ခုအကြောင်းကို အခြေခံထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါ။ စာရေးဆရာ ryotaro shiba ရဲ့ sekigahara ဝတ္တုကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတဲ့ နာမည်ကြီး ဂျပန်ရုပ်ရှင်တစ်ခုဖြစ်ပြီး ရုပ်ရှင်ပြသချိန်မှာဆိုရင် ရုံဝင်ကြေး ၂.၄ ဘီလီယံအထိရရှိထားပါတယ် မိနစ် ၁၅၀ကြာမြင့်တဲ့ ဒီရုပ်ရှင်ကို ၂၀၁၆ခုနစ်၊ သြဂုတ်လလယ်လောက်မှာ စတင် ရိုက်ကူးခဲ့ပြီး နှစ်လကျော်နီးပါး ကြာမြင့်ခဲ့ပါတယ်။

ဒီရုပ်ရှင်ထဲမှာဆိုရင် Sengoku ကာလပြီးဆုံးချိန်မှာ ခေတ်သစ်တစ်ခုအတွက် အုပ်ချုပ်သူတစ်ယောက်ရွေးချယ်ရာမှ စတင်ပြီး အနောက်ဘက် စစ်တပ်ကိုဦးဆောင်သူ mitsunari ishida နဲ့ အရှေ့ဘက်စစ်တပ်ကိုဦးဆောင်တဲ့ leyasu tokugawa တို့နှစ်ဖွဲ့နဲ့ သူတို့မဟာမိတ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ မတော်လောဘနဲ့ အာဏာရရှိဖို့ကြိုးစားတဲ့ leyasu နဲ့ တရားမျှတစွာတိုက်ခိုက်တဲ့ mitsunariတို့အကြားမှာလည်း ပတ်သတ်မှု၊ အမုန်းတရား၊ မနာလိုမှုတွေနဲ့ လျို့ဝှက်ချက်ပေါင်းများစွာရှိနေခဲ့ပါတယ်။ ဒါ့ထက်ထူးခြားတာက mitsurnari ကယ်တင်ခဲ့တဲ့ iga ninja မလေး hatsumeရဲ့အကြောင်းပါ။

Mitsurnari က သူ့ကိုကယ်တင်ခဲ့တာလား သူကပဲ Mitsunari ဆီကို ရောက်အောင်တမင်လာခဲ့သလားဆိုတဲ့ လျှို့ဝှက်ချက်တွေကိုလည်း ခံစားရမှာပါ ပိုင်ဆိုင်မှုနယ်မြေတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ သစ္စာဖောက်မှုတွေနဲ့ ခံစားမှုရသအစုံအလင်ကိုေ ပးစွမ်းနိုင်တဲ့ ဂျပန်သမိုင်းရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်။

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger