Youngju 2018

Youngju 2018

Drama Korea

အဓိပ္ပါယ် ရှိတဲ့ ကိုရီးယား ရုပ်ရှင်ကားမျိုးကို စောင့်မျှော်နေတဲ့CM Fan တွေ အတွက် ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ကားမျိုးပါပဲ.... မှတ်မိကြလား Along with the Gods ရုပ်ရှင်ကားထဲက သေပြီးတဲ့ လူတွေကို လမ်းပြတဲ့ အထဲ စိတ်ကောင်းရှိတဲ့ ပုပု လုံးလုံး ကောင်မလေးကို ❤ သူမ နာမည် က Kim Hyang Gi ပါတဲ့ Kim ဟာ လက်ရှိအချိန်မှာ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ငယ်ရွယ်တောက်ပတဲ့ အနုပညာရှင်ကောင်း တစ်ယောက်ပါ သူမ ပါဝင် သရုပ်ဆောင်ထားတဲ့ Witness (2019) ဆိုတဲ့ရုပ်ရှင်ကားကိုလဲ သိပ်မကြာသေးခင်က ကြည့်ထားကြတယ်ဟုတ် ဒီလောက် သရုပ်ဆောင် ကောင်းတဲ့ Kim ပါဝင်ထားတဲ့ YoungJu ဆိုတဲ့ ဒီကားလေး မှာရောသူမ ဘယ်လိုတွေ သရုပ်ဆောင်ထားမလဲ?

ယောင်းဂျူ နဲ့ ယောင်းအင် ဆိုတဲ့ မောင်နှမ ၂ ယောက်ရှိတယ်ယောင်းဂျူ က အသက် ၂၀ မပြည့်တပြည့့်ပဲ ရှိသေးတယ် သူ့မောင်လေး ယောင်းအင်ကတော့ ၁၇ နှစ် ဝန်းကျင်ပေါ့ မောင်နှမ နှစ်ယောက်ဟာ ဆင်ခြေဖုံး ရပ်ကွက်က အိမ်တစ်ခုမှာအတူနေထိုင်ကြတယ် ချို့တဲ့ ဆင်းရဲစွာပေါ့... ဒီလို ဘာကြောင့် နှစ်ယောက်ထဲ ဖြစ်နေရတာလဲ ဆိုတော့သိပ်မကြာသေးခင် နှစ်အချို့ က ယောင်းဂျူ ကိုယ်တိုင်အသက်ငယ်ငယ်ပဲ ရှိသေးတဲ့ အချိန်မိဘ ၂ ပါးဟာ အကြွေးပတ်လည်ဝိုင်းနေတဲ့ အချိန်မိဘ တွေ ဟာ ကုန်တင်ကား တစ်စီး တိုက်တာ ခံရပြီးပွဲချင်းပြီး သေခဲ့ကြတယ်...

တစ်ချို့ကလဲ မတော်တဆ လို့ ပြောကြတယ် တစ်ချို့ကလဲ အကြွေးရှင်တွေကသတ်ခိုင်းတယ်လို့ပြောကြတယ် လူသေမှု အတွက် ၃ နှစ်ဝန်းကျင်လောက်သာ လူသတ်သမားကထောင်ထဲမှာ နေလိုက်ရတယ် တရားဥပဒေ က မျက်နှာသာမပေးခဲ့ပါဘူး ဘယ်လိုပဲ ဖြစ်နေပါစေ မိဘ မရှိ ဆွေမျိုးမရှိတော့တဲ့ ယောင်းဂျူ တို့ မောင်နှမ၂ ယောက် က ကမ္ဘာပေါ်မှာ သူတို့ ၂ ယောက်ပဲ ရှိနေသလား ထင်ရအောင် ချို့တဲ့ ဆင်းရဲစွာ နေရတယ် စားဝတ်နေရေးအတွက် ကျပန်း အလုပ်တွေလုပ်ပြီး ပိုက်ဆံရှာရတယ် အသက် ၂၀ အရွယ် နဲ့ မလိုက်အောင်ယောင်းဂျူ ဟာ ပင်ပန်း ဆင်းရဲနေရတာပေါ့....

တစ်ရက်မှာတော့ မောင်ဖြစ်သူ ယောင်းအင် ရန်ဖြစ်လို့ အချုပ်ထဲ ရောက်ပါလေရောပြန်ရွေးရဖို့ ပိုက်ဆံလဲ မရှိ အလုပ်လဲ မရှိတဲ့ယောင်းဂျူလေး မှာ ကမ္ဘာပျက်နေခဲ့တာပေါ့ သူ မလုပ်သင့် မလုပ်ထိုက်တဲ့ လမ်းကိုရွေးချယ်ခဲ့သော အခါ... ရုပ်ရှင်ကားကို ThinZar Htet မှ ဘာသာပြန်ပြီး Xcode မှ အညွှန်းရေးပေးထားပါတယ်

YIFY Myanmar က ကိုယ်ပိုင် ဆာဗာပေါ်မှာ ရုပ်ရှင်တွေကို မျှ၀ေတဲ့ Website တစ်ခု ဖြစ်ပြီး Virus Link ကြော်ငြာလင့်တွေ လုံး၀မပါတဲ့ Website တစ်ခုဖြစ်ပါတယ်။ ကြေငြာကနေ အခကြေးငွေရခြင်းမရှိတာမို့ Yify Myanmar ရေရှည်ရပ်တည်နိုင်ဖို့ လစဉ်ကြေးနဲ့ ၀ယ်ယူ အားပေးကြဖို့ တိုက်တွန်းပါတယ်။

Buy and Support Us

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger