Mowgli Legend of the Jungle 2018

Mowgli Legend of the Jungle 2018

Adventure Drama Fantasy

1967 ခုနှစ်က The Jungle Book ကို အသက် ပြန်သွင်းထားတယ်လို့ ပြောလို့ရတယ်ကျနော့် အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ The Jungle Book ထက် Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး သဘောကျမိတယ် Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ် ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့ နည်းနည်း ပြောင်းလဲသွားတာရှိတယ်။ အရင်ကလို ကလေးကြည့်တဲ့ရုပ်ရှင်သက်သက် မဟုတ်တော့ပဲသွေးထွက်သံယို အခန်းလေးတွေ အနည်းငယ်ပါတယ် ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကိုခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ် ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကို ကယ်ဆယ်ပြီး ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်… 

ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီးသူတို့ အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေMowgli ကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့ကြတယ်…ဒီလိုနဲ့ Mowgli  အရွယ်ရောက်လာတဲ့အခါသူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီး မေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ်…သူ့မေးခွန်းတွေကို ဒိုင်ခံဖြေရတဲ့သူတွေကတော့ကျားသစ်နက်ကြီး ဘာဂီရာ နဲ့ ဝက်ဝံကြီး ဘာလူး တို့ပဲဖြစ်ပါတယ်…..ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ Mowgli လေးကို စားသောက်ချင်နေတဲ့ ရှီရာခန်းကြီး ဟာလဲ တစ်ဖြေးဖြေး နဲ့ Mowgli အနားသို့ ရောက်လာခဲ့သော်အခါ…

ဒီ ရုပ်ရှင်ဟာ IMDb မှာ Rating 8 လောက်ထိ ရထားပါတယ် အရမ်းလဲ လူကြိုက်များ အောင်မြင်ပါတယ်… ဘာလို့အောင်မြင်လဲ ဆိုတာလဲ မမေးနဲ့အသံသရုပ်ဆောင်ကိုပဲ အရင်ပြောပြပါမယ်… ကျားသစ်နက်ကြီး ဘာဂီရာ အဖြစ်ဘတ်မန်းမင်းသားကြီး Christian Bale အသံ သရုပ်ဆောင်ပါတယ်ပြီးတော့ ခင်ဗျားတို့ ကျားဆိုးကြီး ရှီရာခန်းကို မုန်းလို့ရမှာ မဟုတ်ဘူးဘာလို့လဲ ဆိုတော့ နောက်ခံ အသံသရုပ်ဆောင်ကဒေါက်တာထူးဆန်း ကိုကို Benedict Cumberbatch ပါပဲ <3 Tom Hollander တို့ ဘာတို့ အပြင် အခြား နာမည်ကျော်မင်းသားကြီး မင်းသမီးကြီးတွေက နောက်ခံ အသံ သရုပ်ဆောင်ပေးထားပါတယ်ကဲ ဒါဆိုရင် ဒီရုပ်ရှင်က သင်ကြည့်ကိုကြည့်သင့်တဲ့တောတွင်းသားလေး ဇတ်လမ်း ပါပဲ… ဒီရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant က တင်ဆက်ပေးထားပါတယ်။

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger