After the Rain 2018

After the Rain 2018

Japan Animation Drama Romance

အခိရာ တချိဘန ဆိုတဲ့ကောင်မလေး ဟာ အသက် ၁၇ နှစ် ရှိပြီဖြစ်ပြီး အထက်တန်းကျောင်းသူလေး တစ်ယောက်ပေါ့…သူမ ဟာ ကျောင်းမှာ စာတော်ပြီး အားကစားမှာလဲ အပြေး ချံပီယံ ဖြစ်ပါတယ် သူမ ရဲ့ စံချိန်ကို မှီတဲ့ သူ တစ်ယောက်မှ ပေါ်ထွက်မလာခဲ့ပါဘူး… တစ်ရက်မှာတော့ ခြေထောက်ဒဏ်ဖြစ်ပြီးသူမ အိပ်မက်တွေ အကုန်လုံး ဆုံးရှုံးသွားခဲ့တယ်…စိတ်ပျက်လက်ပျက်ဖြစ်ပြီး သူမ အားကစားအဖွဲ့ကိုဘယ်တော့မှ ထပ်မလာခဲ့တော့ဘူး…အဲ့ဒီအစား သူမ အတွက် မက်လောက်စရာ ဘာမှ မရှိတဲ့အိမ် နဲ့ ဝေးတဲ့ စားသောက်ဆိုင် သေးသေးလေး တစ်ခုမှာစားပွဲထိုး ဝင်လုပ်နေခဲ့တယ်…ဆိုင်မှာ ရှိတဲ့ ယောင်္ကျားလေး မှန်သမျှ ဟာ သူမ ကိုစိတ်ဝင်စားကြတယ် သူမ ရဲ့ မျက်နှာချေချေ နေမှုကြောင့်ဘယ်သူမှ မစ ရဲကြဘူး…အားလုံးကလဲ ဒီလို ချစ်ဖို့ကောင်းလွန်းတဲ့ ကောင်မလေးတစ်ယောက်က စားပွဲထိုး လာလုပ်နေလဲဆိုတာလဲ နားမလည်နိုင်ခဲ့ကြဘူး…ဒါပေမဲ့ အဲ့ဒီနေရာမှာ အခီရာ အတွက်အရေးကြီးတဲ့ လူတစ်ယောက်ရှိနေပါတယ်သူမ ချစ်သော ဦး ပေါ့…အဲ့ဒီ ဦး က အသက် ၄၅ နှစ် ရှိပြီ အရမ်းရိုးအေးတဲ့ လူစိတ်ဓါတ်လဲ မှန်တယ် အူကြောင်ကြောင် ပုံစံ ဖြစ်နေပေမဲ့သူမ ချစ်တာက အဲ့ဒီပုံစံလေး ဖြစ်နေတာတော့ မတက်နိုင်ဘူးပေါ့အခီရာ က ဦးကို ချစ်နေပေမဲ့ ဖွင့်မပြောပါဘူး မျက်နှာချင်းဆိုင်မိတောင်မျက်နှာကို ခပ်တည်တည်ထားပြီး မျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်ပစ်တဲ့ကလေးမလေးပါ….အခီရာ ရဲ့ ဦး ကိုချစ်တဲ့ အချစ်ဟာ ဆယ်ကျော်သက်တွေစိတ်ကစားသလို အချစ်မဟုတ်ပဲ အရမ်းကို ဆန်းကျယ်ပြီးခမ်းနားလှတဲ့ အချစ်မျိုး နဲ့ ချစ်တာပါဦး ကို အရိပ်တကြည့်ကြည့်မြင်ရတဲ့နေရာမှာအလုပ်လုပ်တယ် ဦး ရဲ့ အငွေ့အသက်နဲ့သူမ အသက်ဆက်ရှင်တယ်… ဒီလိုနဲ့ တစ်ရက်မှာတော့ ဦးကို ချစ်တဲ့အကြောင်းတွေပြောပြရဖို့ အကြောင်း ဖန်လာခဲ့သော အခါ… ဒီရုပ်ရှင်ကားကို ThinZar Htet က ဘာသာပြန်ထားပြီးThit San Khant မှ တင်ဆက်ပေးထားပါတယ်

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger