The Lego Movie 2 2019

The Lego Movie 2 2019

The Lego Movie 2: The Second Part (2019) အားလုံးသဘောကျကျတဲ့ lego တုံးလေး ဇာတ်ကောင်တွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးရဲ့ ဒုတိယ မြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ အမ်နက်ဆိုတဲ့ အရာရာကို အကောင်းမြင်တတ်တဲ့ စိတ်ရှိသူလေး တစ်ယောက် သူတို့ရဲ့ကမ္ဘာကို ဒပ်ပလိုဂြိုလ်သားတွေ လာရောက်တိုက်ခိုက်တဲ့ နေရာကနေ စတင်ထားပါတယ်။

အရာရာမှာ အကောင်းမြင်စိတ်ရှိပြီး တော့သဘောကောင်းတဲ့ သူလေးဆိုတော့ ငါတို့တွေက သူငယ်ချင်းတွေပါ ဘာညာပြီးတော့ စကားလေးနဲ့ ဖောပြီးတော့ ပြေငြိမ်းမယ်ကြံတာ ဟိုကလဲ မရပါဘူး ဖိုက်ခံရတာပါပဲ။ ဒီလိုနဲ့ သူတို့ကမ္ဘာမှာ အရာအားလုံး ပျက်သုဉ်းနီးပါး ဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းတွေကို စင်စတာ အဖွဲ့အစည်းက ဖမ်းခေါ်သွားပါလေရော။ ဒီတော့ အမ်နက် တစ်ယောက် သူ့သူငယ်ချင်းတွေ နောက်ကို ကယ်တင်မယ်ဆိုတဲ့စိတ်နဲ့ အာကာသယာဉ်လေး ဆောက်ပြီး အမှီလိုက်ပါတော့တယ်။ ဆိုတော့ အမ်နက် တစ်ယောက် သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလား သူ့သူငယ်ချင်းတွေကိုရော စင်စတာ အဖွဲ့အစည်း ကဘာကြောင့် ခေါ်ဆောင်သွားရတယ် ဆိုတာကို ဆက်လက်သိရှိဖို့အတွက် ဇာတ်ကားကို ဆက်ပြီးတော့ ကြည့်လိုက်ရအောင်နော်။

Lego ဆိုတဲ့အတိုင်း ဇာတ်ကောင်လေးတွေက တော်တော်လေးကို ချစ်စရာကောင်းတဲ့ အပြင် ဘတ်မန်းရဲ့ ပုံစံကတကယ့်ကို အသဲယားစရာလေးပါ။ ကိုယ်တိုင်လဲချစ်လို့နေမှာပေါ့နော် ဟီး... ဟီး...။ 

YIFY Myanmar က ကိုယ်ပိုင် ဆာဗာပေါ်မှာ ရုပ်ရှင်တွေကို မျှ၀ေတဲ့ Website တစ်ခု ဖြစ်ပြီး Virus Link ကြော်ငြာလင့်တွေ လုံး၀မပါတဲ့ Website တစ်ခုဖြစ်ပါတယ်။ ကြေငြာကနေ အခကြေးငွေရခြင်းမရှိတာမို့ Yify Myanmar ရေရှည်ရပ်တည်နိုင်ဖို့ လစဉ်ကြေးနဲ့ ၀ယ်ယူ အားပေးကြဖို့ တိုက်တွန်းပါတယ်။

Buy and Support Us

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger