Welcome to Mercy 2018

Welcome to Mercy 2018

Drama Horror Mystery Thriller

အချစ်ဆိုတာ ဧဒင်ဥယျာဉ်ထဲက တားမြစ်ထားတဲ့ ပန်းသီးတစ်လုံးတဲ့။အာဒမ်နဲ့ ဧဝတို့ ပန်းသီးကိုစားမိကြလို့ အပြစ်ပေးခံရကြပါတယ်။အဲဒီကစပြီး လူသားနဲ့ချစ်ခြင်းတရားက ဒွန်တွဲနေလာကြပါရောလား။Welcome to Mercy (2018) ဆိုတဲ့ Triller အမျိုးအစားဇာတ်ကားလေးကတော့ တားမြစ်ခံထားရတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်း ရင်တုန်စရာတင်ဆက်ပေးထားပါတယ်။တစ်ကိုယ်တည်းအမေတစ်ယောက်ဖြစ်တဲ့ Mandaline ဟာ သူ့အဖေ နေမကောင်းတဲ့သတင်း စာရတဲ့အတွက် သမီးလေး Willow နဲ့အတူလာတွေ့ခဲ့ပါတယ်။

မိဘအိမ်မှာ ခဏနေရင်း ခန္ဓာကိုယ်ပေါ်မှာ လက်ဝါးကပ်တိုင်မှာ ကပ်ဖို့ သံနဲ့ရိုက်ခံရသလို ဒဏ်ရာတွေပေါ်လာခဲ့တဲ့အတွက် ခရစ်ယာန်ဘုန်းကြီးတစ်ပါးနဲ့ သီလရှင်ကြီးတစ်ဦးတို့ဆီ အကူအညီရယူပြီး မြင်ရတဲ့အရာတွေ မမြင်ရတဲ့အရာတွေ အကြောင်း နားလည်လာအောင် ကြိုးစားခဲ့ပါတယ်။

အရမ်းကြောက်စရာကောင်းတဲ့ဇာတ်ကားတစ်ကားမဟုတ်ပေမယ့် နောက်ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားအောင်ပြသွားနိုင်တယ်လို့ထင်ပါတယ်။နောက်ဆုံးမှာလည်း မထင်ထားတဲ့ လှည့်ကွက်တစ်ခုနဲ့ အဆုံးကိုဆွဲခေါ်သွားပြီး အဆုံးမှာ သို့လော သို့လောနဲ့ တွေးစရာတစ်ခုထပ်ပေးသွားပါသေးတယ်။ဒီသိပ်မကြောက်ရတဲ့ ကြောက်စရာဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 5.2 ရှိပါတယ်။ဒီဇာတ်ကားထဲက အကြိုက်ဆုံး စာသားလေးကတော့ “အချစ်ထက်သန့်ရှင်းစင်ကြယ်တာ ဘုရားသခင်ပဲရှိတယ်” ဆိုတဲ့ Father Frank ရဲ့ စာသားလေးပဲဖြစ်ပါတယ်။

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger