Gang 2020

ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးကို ကျောင်းသား Fighting ခပ်ကြမ်းကြမ်းကားလေးဖြစ်တဲ့ Gang နဲ့မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Cha Ji Hyuk ကအဓိကဇာတ်ဆောင်ဖြစ်ပြီး သူ့ကာရိုက်တာကတော့ခပ်မိုက်မိုက်နဲ့ဆွဲဆောင်မှုရှိတဲ့ ကျောင်းသားဇိုးလေး ဂျီဟူအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးအမျိုးအစားကတော့ Action ကားပါ။ ဇာတ်လမ်ူအကျဉ်းက ဂျီဟူဆိုတဲ့အထက်တန်းကျောင်းသားလေးက မိဘတွေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်တဲ့အပြင် အစ်မရဲ့အုပ်ထိန်းမှုအောက်မှာမောင်နှမနှစ်ယောက်တည်းနခဲ့ရလို့ နည်းနည်းဇွတ်တရွတ်နိုင်တဲ့ အပြင် ကျောင်းကရန်ဖြစ်ပွဲတိုင်းလည်း သူကထိပ်ဆုံးကပါပါတယ်။
နောက်ဆုံးတော့ကျောင်းအုပ်ကသည်းမခံနိုင်လို့ သူကို ကျောင်းသားဆိုးတွေစုဝေးရာ ကျောင်းတစ်ကျောင်းကိုပြောင်းပေးလိုက်တယ်။ အဲ့ကျောင်းကလူငယ်ပြုပြင်ရေးစခန်းလိုနေရာမျိုးပေါ့။ ဒယ်ဟုန်းအထက်တန်းကျောင်းလို့ခေါ်တယ်။ အဲ့မှာအဆိုးတကာ့အဆိုးဆုံးဆိုတဲ့ကျောင်းသားတွေစုဝေးရာ ထောင်ပုံစံကျောင်းတစ်ကျောင်းလို့လည်းပြောကြတယ်။ အဲ့ကိုဂျီဟူရောက်သွားချိန်မှာတော့ အဲ့ဒီကကျောင်းသားတွေက ထင်ထားသလိုပရမ်းပဒါရန်ဖြစ်နေတာမျိုးမဟုတ်ပဲစည်းကမ်းနဲ့လက်ဝှေ့ကလပ်ထောင်ပြီး မကျေနပ်တဲ့သူကို တရားဝင်လောင်းကြေးနဲ့ ချိန်းထိုးကြတယ်။ အဲ့မှာအနိုင်ရတဲ့သူကတော့ပြောရရင်ဆရာကြီးပေါ့။ ဘယ်သူမှမထိရဲတော့ဖူး။ အဲ့မှာဂျီဟူအနိုင်ယူရမယ့်လူသုံးယောက်ရှိတယ်။ နံပါတ် (၁) ဘတ်ဂီထယ် နပန်းသမားလက်ရွေးစင်ဟောင်း ချိန်းထိုးသမျှကျောင်းသားတိုင်းကို အရိုးကွဲအောင်ဆော်တဲ့သူ။နံပါတ် ၂ Hot Dog ခွေးရူးလို့သိထားကြတယ်။ရန်ဖြစ်လို့အရူးစိတ်ပေါက်လာရင်မဲမဲမြင်သမျှမလွတ်တမ်းထိုးတတ်လို့။နံပါတ်၃ ကျောင်းမှာအတော်ဆုံးလို့သတ်မှတ်ထားတဲ့သူ ရုပ်လေးချောပေမယ့် အတိုက်အခိုက်မှာတော်တယ်နာမည်ကြီးနေတဲ့ ဂွန်းချန်းရှစ်။ အဲ့လိုသုံးယောက်ရှိတယ်။ ဒါပေမယ့်အဲ့လက်ဝှေ့ကလပ်ကရာဇဝင်ရှိတယ်။ ဒီသုံးယောက်မတိုင်ခင် အရမ်းကြမ်းအရမ်းဂေါ်တဲ့ ဘဲကြီးတပွေရှိခဲ့တယ်။နာမည်ကကျားကြီးခေါ် ဂျောင်းထယ်ဟိုတဲ့။
သူမရှိတော့မှကျောင်းလက်ရွေးစင်အတော်ဆုံးတွေကိုရွေးဖို့ လက်ဝှေ့ကလပ်ဆိုတာဖြစ်လာခဲ့တာ။သူကမတော်တမှုတစ်ခုကြောင့် ကျောင်းသားလူမိုက်လောက ခေတ္တခနပျောက်ကွယ်သွားတယ်လို့ကြားရတယ်။သူထွက်သွားပြီးနောက်ပိုင်း လက်ဝှေ့ကလပ်ကဘယ်လိုဖြစ်လာမလဲ။ဂျီဟူကတော့အဲ့ကျောင်းမှာရေရှည်အဆင်ပြေပါ့မလား။ ကျားကြီးကကောဘယ်ရောက်သွားပြီလဲ။ထိပ်တန်းသုံးယောက်ကိုကော ဂျီဟူတစ်ယောက် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကိုတော့Gang. ဇာတ်ကားလေးကိုပဲ Cm ပရိတ်သတ်ကြီးကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။ ***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ။
ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…
Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။
YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။
Report via Messenger