Holiday In The Wild 2019

ဒီတစ်ခါတော့ ၂၀၁၉ မှာ ထွက်လာတဲ့ Holidays in the Wild ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်နော် ဒီကားလေးကတော့ comedy, drama, romance အမျိုးအစားလေးပါ ဇာတ်လမ်းလေးက ခပ်သွက်သွက်လေးနဲ့ ကြည့်လို့ကောင်းတယ်လို့ ပြောရပါမယ် ဇာတ်လမ်းအကျဉ်းကတော့ ကိတ်ဆိုတဲ့ အမျိုးသမီးဟာ သားဖြစ်သူ ကောလိပ်စသွားတဲ့ နေ့မှာပဲ ခင်ပွန်းဖြစ်သူက ရုတ်တရက် လမ်းခွဲခြင်းကို ခံလိုက်ရပါတယ် သူတို့ လင်မယားနှစ်ယောက် ဒုတိယအကြိမ်ဟန်းနီးမွန်းထွက်ဖို့ သူကစီစဉ်ထားခဲ့တာပါ ဒါနဲ့ပဲ စိတ်ပြေလက်ပျောက် သူစီစဉ်ထားတဲ့ ဟန်းနီးမွန်းခရီးစဉ်ကို သူတစ်ယောက်တည်း သွားခဲ့ပါတယ် အာဖရိကဆာဖာရီမှာ လည်ပတ်ဖို့ပါ ဒီလိုနဲ့ ရဟတ်ယာဉ်မောင်းတဲ့ ဒယ်ရက်ဆိုတဲ့ လူနဲ့အတူ တောထဲမှာ ဆင်ပေါက်လေးတစ်ကောင်ကို ကယ်တင်မိရာက ဆုံမိကြတယ်…
သူတို့ ဘာဆက်ဖြစ်ကြမလဲ… အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ပိုင် အလုပ်အကိုင် ဝါသနာဆိုတာတွေထက် ခင်ပွန်းဖြစ်သူကို ထောက်ပံ့ပေးဖို့ သားကို ပြုစုပျိုးထောင်ဖို့ အချိန်တွေပေးဆပ်ခဲ့ရတဲ့ ကိတ်တစ်ယောက် ဒယ်ရက်နဲ့ဆုံပြီး ဘာတွေ ဆက်ဖြစ်လာလဲဆိုတာကိုတော့ ဇာတ်လမ်းမှာ ဆက်လက်ခံစားကြပါနော် … လူတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အကြောင်းအရာ အိမ်ထောင်ရေးပြသနာလေးတွေအပြင် သဘာဝတောရိုင်းဆင်တွေအကြောင်းလေးတွေနဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုကြဖို့ ညွှန်းပေးချင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်…
Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။
YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။
Report via Messenger