Vincent and Theo 1990

Vincent and Theo 1990

Biography Drama

၁၉ရာစုဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ သမိုင်းရဲ့ လူသိအများဆုံး ပန်းချီဆရာ ပန်းချ်ီကို ရူးသွပ်ကြသူတိုင်း ချစ်မြတ်ကြတဲ့ ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးအ‌ကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ ဆိုတာလည်း မနည်းတော့ပါဘူး။

CMမှာတင် လေးငါးကား တင်ဆက်ပြီးပါပြီ…ဗင်းဆင့်ကား အများစုဟာ ဗင်းဆင့်ရဲ့ ဒုက္ခတွေကိုပဲ ပြသွားတာ များပေမယ့် ဒီ ကားမှာတော့ မသေခင်မအောင်မြင်ခဲ့ တစ်ပြားမှမရခဲ့တဲ့ ပန်းချီကားတွေဟာ သေလွန်ဆုံးပါးပြီးတဲ့နောက် တစ်ကား ၆၆သန်းအထိရခဲ့တဲ့ အောင်မြင်မှုရဲ့နောက်ကွယ်က ဗင်းဆင့်အပေါ် ဗင်းဆင့်ရဲ့ညီ သီအိုဗန်ဂိုးရဲ့အနစ်နာခံခဲ့မှုတွေကို ဒီရုပ်ရှင်မှာတော့ သေချာပြသသွားပါတယ်။

“ဘယ်နေရာမဆို တစ်ဖက်စွန်း ရောက်ရင် တစ်ယောက်တော့ နစ်နာရစမြဲ” ဆိုတဲ့ စိုင်းခမ်းလိတ်ရဲ့ စာသားကလေးလိုပါပဲ။ အနုပညာကို တစ်ဖက်စွန်းရောက်ရူးသွပ်လွန်းတဲ့ ဗင်းဆင့်အတွက် နစ်နာရတဲ့ လူတစ်ယောက် ရှိခဲ့တယ်ဆိုရင် အဲ့ဒီလူက သီအိုပါပဲ။ ဒီကားမှာ ဗင်းဆင့် အကြောင်းပြောရင် မပါမဖြစ်တဲ့လူတွေဖြစ်တဲ့ ပန်းချီဆရာ ပေါဂေါ်ဂင်တို့ ဒေါက်တာဂါးချက်တို့နဲ့ ဗင်းဆင့်ဆက်ဆံရေးကို လက်တွေ့ဆန်ဆန်ပြထားသလို…ဗင်းဆင့်ရဲ့ နာမည်ကျော် အကြောင်း အရာတွေဖြစ်တဲ့ ပြည့်တန်ဆာမကိုကြိုက်တာတွေ နားရွက် ဖြတ်တာတွေ စိတ်ကျန်းမာရေး ဆေးရုံသွားရတာတွေကို လက်တွေ့နဲ့ အနီးစပ်ဆုံး ပြထားပါသေးတယ်။

သီအိုရဲ့ အလုပ်ဖြစ်တဲ့ ထိုခေတ်ထိုအခါက ပန်းချီကား ရောင်းဝယ်မှုအကြောင်းကိုလည်း မြင်မြင် သာသာ ပြထားပါတယ်။ သီအိုခံစားခဲ့ရတဲ့ ဝေဒနာတွေကိုလည်း မြင်မြင်သာသာ ပြထားပါတယ် တစ်ချို့ ရုပ်ရှင် ဝေဖန်ရေး သမားတွေကတော့ ဒီကားဟာ လက်တွေ့အကျဆုံး ဗင်းဆင့်ဘဝကို ပုံဖော်နိုင်တဲ့ကားလို့ ဆိုကြပါတယ်။ ဘယ်အတောက်ပဆုံး အိပ်မက်တွေကမှ တစ်ဦးတစ်ယောက်တည်း လောင်ကျွမ်းပြာကျပေးရုံနဲ့ မလုံလောက်ခဲ့ပါဘူး။ ဗန်ဂိုးဆိုတဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့်ရဲ့ တောက်ပမှုအတွက် လောင်ကျွမ်းပေးခဲ့ရတဲ့ သီအိုရဲ့ ရင်နာစရာဘဝရဲ့ သူတို့ရဲ့ Brother Hood ကို ခင်းကျင်း ပြသပေးထားတဲ့ ဒီရုပ်ရှင်ရဲ့ Imdb rating ကတော့ 7/10 ပါ အညွှန်းနဲ့ဘာသာပြန် သူကတော့ WiRa Aung ဖြစ်ပါတယ်

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger