XY Chelsea 2019

XY Chelsea 2019

Documentary

ဒီဇာတ်လမ်းဟာ ချယ်လ်ဆီးမန်းနင်း ဆိုတဲ့ အမေရိကန်ရဲ့အတွင်းရေးတွေကို ဖွင့်ချခဲ့တဲ့လူ တစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ (Documentary) နိုင်ငံရေးမှတ်တမ်းရုပ်ရှင်တစ်ခု ဖြစ်ပါတယ်အမေရိကန်က Snowden (စနိုးဒန်) တို့ ဆိုရင်တော့ မသိသူ မရှိသလောက်ပါပဲ။ အမေရိကန်ရဲ့ နိုင်ငံရေး အမွှေစိန်ကြီးများပေါ့လေ။ အဲဒီလို အမွှေစိန်များထဲကမှ Bradley Manning တစ်ဖြစ်လဲလိင်ပြောင်းခွဲစိတ်မှုခံယူထားသူ Chelsea Manning (ချယ်လ်ဆီး မန်းနင်း)ဆိုတာကတော့ အမေရိကန် စစ်သား အဲလေ..စစ်သမီး (ထားပါတော့ whatever) တစ်ဦးဖြစ်ပြီး အီရတ်စစ်ပွဲအာဖဂန်စစ်ပွဲတွေရဲ့ လျှို့ဝှက်ချက်တွေအပါအဝင်အမေရိကန် အစိုးရအဖွဲ့ရဲ့ လျှို့ဝှက်ချက်တွေကို WikiLeaks ဝီကီလိခ် လို့ခေါ်တဲ့ ထိပ်တန်းသတင်းများပေါက်ကြားရာဝက်ဘ် တစ်ခုဆီကို ပေးပို့ခဲ့သူဖြစ်ပါတယ်။

အဲဒီလိုပေးပို့လိုက်တဲ့ စစ်ရေး နိုင်ငံရေးသတင်းတွေကိုစစ်ကြည့်လိုက်တော့ Document ပေါင်း ၇၀၀၀၀၀ (၇သိန်းကျော်)ခန့် ရှိပါသတဲ့။ အဲဒီလိုပေါက်ကြားစေခဲ့တဲ့အတွက်ကြောင့် ၂၀၁၀ခုနှစ်မှာ အကျဉ်းချခံခဲ့ရပြီး၂၀၁၇မှာတော့ လျှော့ပေါ့ပြစ်ဒဏ်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ အဲဒီကိစ္စတွေ စဖြစ်တုန်းကတော့ သူကBradley Manning ဘဝပဲရှိသေးတာပေါ့လေ။၂၀၁၃ မှာတော့ သူဟာ ငယ်စဉ်တည်းကအမျိုးသမီးလိုနေချင်သူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ချယ်လ်ဆီး အဲလစ်ဇ်ဘတ် မန်းနင်း ဆိုတဲ့နာမည်နဲ့ Trans Woman ဘဝကို ခံယူခဲ့ပါတယ်။၂၀၁၇ မှာ ပြန်လွတ်လာပြီးတဲ့နောက် ၂၀၁၉ မှာတော့ WikiLeaks တည်ထောင်သူ Julian Assange (ဂျူလီယန်အက်ဆန်း) ရဲ့အမှုမှာ သက်သေ အစစ်ခံဖို့  ဆက်တိုက်ငြင်းဆန်လို့ နောက်ထပ် ထောင်ဒဏ် ၆၂ရက် ထပ်ကျပြန်ပါတယ်။

အမေရိကန်လို ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကိုကြုံးအော်နေတဲ့နိုင်ငံကြီးမှာတောင် နိုင်ငံရေးလောကထဲဝင်နွှယ်မိရင် ဘယ်လိုတွေ တွယ်ခံရမယ်ဆိုတာမီးမောင်းထိုးပြနေတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့အတွေ့အကြုံ ရပ်တည်ချက် ခံယူချက်တွေကိုကွက်ကွက်ကွင်းကွင်းမြင်ရမယ့် Documentary တစ်ခု ဖြစ်ပါတယ်။

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger