A Star is Born 2018

A Star is Born 2018

Drama Music Romance

စင်ပေါ်မှာ မြူးကြွသံစဉ်တွေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပရိတ်သတ်တွေကိုဖျော်ဖြေလာတဲ့ ဂျက်ဆန်မိန်း စင်ပေါ်မတက်ခင် backstage မှာတစ်ပတ်လောက်ကလဲ ကစ်တတ်သေးပိုင်ဆိုင်မှုမြောက်မြားစွာရှိပေမယ့် ဘဝမှာအဓိပ္ပာယ်ရှိတဲ့တစ်စုံတစ်ရာကို မေ့ပျောက်နေခဲ့ တဲ့ဂျက်ဆန်မိန်းသူ့အတွက် အိမ်ဆိုတာ မရှိဘူး စွဲလန်းမက်မောမှု ဆိုတာလဲမရှိဘူး သူ့မှာရှိတာ ဂစ်တာ သူသိတဲ့ သူ့အပေါ်သစ္စာရှိတဲ့ဒီဂစ်တာတွေပေါ်မှာပဲသွယ်လျတဲ့ လက်ချောင်းလေးတွေတင်ပြီးဂီတကို ကွန့်မြူးလာခဲ့တဲ့ဂီတဂုရုတစ်ယောက်လောကကြီးက တရားပါတယ်သင်မသိလိုက်တဲ့ အချိန်လေးတွင်းမှာသင့်အတွက် ရွေးချယ်စရာတွေ ပေးနှင့်ပြီးသားပါကံကြမ္မာ အလှည့်အပြောင်းကြောင့်သာမည ဘားလေးတစ်ခု မှာ သိပ်လှတဲ့ စွမ်းအင်တစ်ခုသူသွားတွေ့မိတယ် ကိုယ်တိုင်ကအံ့မခန်းသြချရတဲ့ သီချင်းတွေ ဆိုလာတဲ့မုတ်ဆိတ်ထူလပျစ်နဲ့ ဂျက်ဆန်မိန်းကြီးအခုကျစကားတစ်ခွန်းတောင် မဟနိုင်တော့ပါလား

သူ့ဘဝမှာဒီလိုဖြစ်တာဒါပထမဆုံးလို့တောင်ပြောရမယ် သူ့ကိုစီးမြောအောင်လုပ်သွားတဲ့ အဲ့စွမ်းအင်နုနုလေးကအယ်လီ လေ ပါရမီရှိပေမယ့် ယုံကြည်မှုမရှိလို့ဘားမှာအဆိုကျော် လုပ်ရတဲ့အယ်လီလေးဂျက် စိတ်ထဲမှာဆွဲခေါ်ချင်စိတ်တွေတဖွားဖွားဖြစ်လာတယ်ပတ္တမြားမှန်ရင်တော့ နွံမနစ်စတမ်းပါ အယ်လီ့ကိုယုံကြည်မှုလေးထားတတ်ဖို့ သူလုပ်လိုက်နိုင်ခဲ့တယ်တချိန်က အဖော်မဲ့နေတဲ့ သူ့ဂစ်တာနဲ့ စင်ထက်ကမိုက်လေးမှာအခုတော့ နတ်မိမယ်လေးကအဖော်အဖြစ်နေပေးပြီလေဂျက်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ဝန်းကျင်လေးတစ်ခုတဖန်ပြန်ခံစားလိုက်ရတယ်စွမ်းအားပြင်းတဲ့ ဂီတအသံလှိုင်းလေးတွေကပဲသူတို့နှစ်ယောက်အတွက် အချစ်ဆိုတဲ့ရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီလေဂျက်ဆန်အသဲနင့်အောင်ချစ်မိသွားပြီအယ်လီဆိုသူ့ထက်တောင်ပိုမလားပဲအပွဲပွဲနွှဲခဲ့တဲ့ ရလဒ်ကြောင့်ဂျက်ဆန်  ဆေးရော အရက်ပါဆွဲနေခဲ့ပြီတဖက်မှာ လဲ အယ်လီက လေသလပ်လိုက်တဲ့မီးခဲလို သူမအောင်မြင်မှုကလဲဟုန်းဟုန်းတောက်ပဲမထင်မှတ်တာတွေက ကိုယ်မထင်ထားတဲ့အချိန်မှ ဖြစ်တတ်စမြဲပဲလေ အချစ်ဆိုတဲ့ရသဂီတရဲ့ ဝိညာဉ်ကို အကောင်းဆုံးဖော်ကျူးထားတဲ့ ကားလေးလို့ မြင်မိပါတယ်

ဂျက်ဆန်မိန်းတဖြစ်လဲ Bradley Cooperအယ်လီတဖြစ်လဲ Lady Ga Ga ကသရုပ်ဆောင်ပေးထားပါတယ် အခွီကားတွေပဲအရိုက်များတဲ့ Cooperတစ်ယောက် အခုတော့ အဆွေးသီချင်းတွေဆိုတဲ့ဂစ်တာသမားကြီးကိုဖြစ်လို့ Lady Ga Ga ကတော့ပြောစရာလိုမယ်မထင် ဒီကားလေးမှာ အထွေထူးပြောချင်တာတော့တစ်ခုပဲရှိပါတယ် အဲ့ဒါက သီချင်းတွေပါသူတို့နှစ်ယောက်ရဲ့ သံယောဇဉ် သူတို့နှစ်ယောက်ရဲ့ တွယ်တာမှု အတိမ်အနက်ဘယ်လောက်ရှိလဲ ဆိုတာ သီချင်းတွေကပဲဖော်ကျူးထားတာပါ

သီချင်းတွေကအပုဒ်တိုင်းကိုကောင်းပါတယ် အခုလိုကားမျိုးတွေကျနော်အကြည့်နည်းလို့လားတော့မသိဘူးသီချင်းနဲ့ပေးချင်တဲ့ message သရုပ်ဆောင်နှစ်ယောက်ရဲ့ acting ပိုင်း အံဝင်ခွင်ကျအတော်လေး ဖြစ်တယ်လို့ မြင်မိပါတယ်တစ်ယောက်တည်း နားကြပ်တပ်အသံကုန်ဖွင့်ကြည့်မယ်ဆို ကျက်သီးပါ ထအောင်ကောင်းတဲ့ ကားမျိုးပါဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်စာသား အမှားများ ဘာသာပြန်အမှားများ ရှိပါကနားလည် ဖြည့်စွတ် ကြည့်ပေးကြပါလို့

YIFY Myanmar က ကိုယ်ပိုင် ဆာဗာပေါ်မှာ ရုပ်ရှင်တွေကို မျှ၀ေတဲ့ Website တစ်ခု ဖြစ်ပြီး Virus Link ကြော်ငြာလင့်တွေ လုံး၀မပါတဲ့ Website တစ်ခုဖြစ်ပါတယ်။ ကြေငြာကနေ အခကြေးငွေရခြင်းမရှိတာမို့ Yify Myanmar ရေရှည်ရပ်တည်နိုင်ဖို့ လစဉ်ကြေးနဲ့ ၀ယ်ယူ အားပေးကြဖို့ တိုက်တွန်းပါတယ်။

Buy and Support Us

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger