Robin Hood 2018

Robinhood အကြောင်း သင်ဘယ်လောက်သိလဲ? လူချမ်းသာတွေဆီက အသပြာခိုးယူပြီး ဆင်းရဲတဲ့သူတွေကို ဝေငှပေးတတ်တဲ့ သူခိုးတစ်ယောက်… လို့ အကြမ်းဖျဉ်းသိထားကြမှာပါ………..Robinhood လို့ပြောရင် မြှားပစ်ကျွမ်းကျင်သူတစ်ယောက် ဆိုတာလဲမျက်လုံးထဲပြေးမြင်မိမှာပေါ့ဒါပေမယ့် အထက်က ဆိုခဲ့တဲ့ အချက်တွေကြောင့်တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီးနာမည်တွင်ခဲ့တာ မဟုတ်ပါဘူး … သင် ငယ်ငယ်က သိခဲ့တဲ့တောပုန်းကြီး ရော်ဘင်ဟုဒ်ရဲ့ အကြောင်းတွေကို မေ့ပစ်လိုက်ပါတော့သင် သူ့အကြောင်းကို သိပြီးသားလို့ထင်နေတယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်…
သင်သိထားပြီးတဲ့ သူ့ရဲ့ ဇာတ်လမ်းဟာ အိပ်ယာဝင် ပုံပြင်တစ်ပုဒ် ပါပဲ ဒီဇာတ်ကားလေး ကတော့ အိပ်ယာဝင် ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါဘူး။ အသပြာတွေ ခိုးယူခဲ့ရုံ သက်သက်နဲ့တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင် ကျန်ရစ်မှာ မဟုတ်ပါဘူး။ သူ့ကို ရာဇဝင်မှာ ကဗျည်းတွင်စေခဲ့တဲ့ ပြည်သူတွေ အတွက်ကိုယ်ကျိုးစွန့် လုပ်ရပ်တွေကို ဒီဇာတ်ကားမှာတွေ့ရမှာပါ… ဒီဇာတ်ကားမှာ ရော်ဘင်ဟုဒ်ရဲ့ တခြားထူးခြားတဲ့ အကြောင်း အရာတွေလည်း ပါဝင်နေပါတယ် …
ရော်ဘင်ဟုဒ်ဆိုတဲ့ တောပုန်းတစ်ယောက်မဖြစ်ခင်က သူ့ဘဝဇာတ်ကြောင်း အခြေအနေကိုလည်း ပြောပြထားပါသေးတယ်… လော့စ်လေကို ဟုဒ်အဖြစ် ပြောင်းလဲ ပေးခဲ့တဲ့ သူ့ရဲ့ဆရာနဲ့ အတူသူ လေ့ကျင့်ခဲ့ရတဲ့ ခက်ခဲထူးခြားတဲ့ မြှားပစ်သင်ခန်းစာတွေ… သူကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေး အခြေအနေတွေ… သူကြုံတွေ့ခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ စစ်ပွဲတွေ…စသဖြင့် သူ့ရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေ အကုန်လုံးကို မြင်တွေ့ရမှာပါ။
ဒီတော့ ဒီကားလေးဟာ ဟုဒ်ရဲ့အတ္ထုပ္ပတိမဟုတ်ဘဲ ရော်ဘင်လော့စ်လေက ဟုဒ်အဖြစ် သမိုင်းသစ်အစပျိုးခဲ့တဲ့အချိန်လေးကို ရိုက်ပြထားတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။
YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။
Report via Messenger