Inuyashiki 2018

Inuyashiki 2018

Japan Sci-Fi Thriller Drama Action

Rating 7.2 အထိရရှိထားတဲ့ ဒီဂျပန်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်… အင်နူရာရှီကီ အီချီရိုဟာဆိုရင် အလုပ်မှာလဲ အဆင်မပြေ၊ မိသားစုကိစ္စမှာလဲ အဆင်မပြေဘဲ ကံဆိုးနေရတဲ့သူတစ်ဦးပါ… မိန်းမနဲ့သားသမီးတွေကလဲ သူ့ကိုနားလည်မပေးနိုင်ဘဲ အပြစ်ပဲမြင်နေသူပါ… ဒါ့အပြင် ကင်ဆာရောဂါဆိုးကိုလဲခံစားနေရပြီး ဆက်လက်ရှင် သန်နေထိုင်ဖိုရာ အချိန်ကလဲ သုံးလသာ ကျန်ပါတော့တယ်…

တစ်ညမှာတော့ သူ့ခွေးလေးကိုစွန့်ပစ်မယ်ဆိုပြီး ပန်းခြံတစ်ခုကိုရောက်လို့သွားခဲ့ပါတယ်အဲ့မှာ မထင်မှတ်ပဲနဲ့ ကောင်းကင်ကနေအလင်းတန်းကြီးတစ်ခုထွက်ပေါ်ကျရောက်လာခဲ့ပြီးသတိလစ်သွားပါတယ်…သတိပြန်ရလာတဲ့အခါမှာတော့ သူဟာ အရင်ကလိုပျော့ညံ့တဲ့လူတစ်ယောက်အနေနဲ့မဟုတ်တော့ဘဲ လူတစ်ပိုင်း၊ စက်ရုပ်တစ်ပိုင်းအသွင်ပြောင်းလဲသွားပြီး ကြံ့ခိုင်လာပါတော့တယ်…

သူ့လိုပဲ လုံးဝ ပြောင်းလဲသွားတဲ့ သူနောက်တစ်ယောက်လဲ ထပ်ရှိပါသေးတယ်… သူကတော့ အထက်တန်း ကျောင်းသား ရှီရှီဂါမီဟီရိုပါ… သူဟာလဲ မသာယာတဲ့ မိသားစုဘဝမှာ ကြီးပြင်းလာခဲ့ရတဲ့အထီး ကျန်ဆန်နေရတဲ့ လူငယ်လေးတစ်ယောက်ပါ… သူတို့နှစ်ယောက်လုံး အတူတူ စက်ရုပ်တွေ ဖြစ်သွားပြီးစွမ်းအားကြီးမား ကြံ့ခိုင်လာ ကြပေမယ့် သူတို့တွေရဲ့ စွမ်းအင်တွေကို အသုံးချပုံကတော့ မတူညီပါ… အင်နူရာရှီကီကတော့ သူ့ရဲ့စွမ်းအားနဲ့ လူတွေကို ကယ်တင်ပြီး ပျော်နေပေမယ့် ဟီရိုကတော့ လူတွေကို လိုက်လံ သတ်ဖြတ် နေရတာကို ပျော်မွေ့နေသူပါ… သူတို့နှစ်ယောက် ရင်ဆိုင်လာရတဲ့အခါ ဘယ်လိုတွေဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ရအောင်လား။

YIFY Myanmar က ကိုယ်ပိုင် ဆာဗာပေါ်မှာ ရုပ်ရှင်တွေကို မျှ၀ေတဲ့ Website တစ်ခု ဖြစ်ပြီး Virus Link ကြော်ငြာလင့်တွေ လုံး၀မပါတဲ့ Website တစ်ခုဖြစ်ပါတယ်။ ကြေငြာကနေ အခကြေးငွေရခြင်းမရှိတာမို့ Yify Myanmar ရေရှည်ရပ်တည်နိုင်ဖို့ လစဉ်ကြေးနဲ့ ၀ယ်ယူ အားပေးကြဖို့ တိုက်တွန်းပါတယ်။

Buy and Support Us

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger