Tune in for Love 2019

Tune in for Love 2019

Drama Romance

၂၀၁၉ ခုနှစ်ရဲ့ နှစ်ကုန်ခါနီးလေးမှာ စိတ်ကို နူးညံ့စေတဲ့ ကြေကွဲစေတဲ့ ကြည်နူးမိ ချစ်မိစေခဲ့တဲ့ ဒီရုပ်ရှင်ကားလေးကို ထိတွေ့ခဲ့ရခဲ့တယ်။ Tune In For Love ဟာ Netflix မှာ ပြသခဲ့တဲ့ ကိုရီးယား ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ မင်းသား Hae-In Jung နှင့် မင်းသမီး Go-eun Kim ပါဝင်သရုပ်ဆောင်ထားပါတယ်… ဒီဇတ်လမ်းကို စပွိုင်လာလုပ်ဖို့ရော အညွှန်းရေးဖို့ရော ကြံစည်ထားပေမဲ့…

ရုပ်ရှင်ကား ၂ နာရီစာ ကြည့်ပြီးတဲ့နောက် ရေးဖို့ မစဉ်းစားတက်တော့ဘူး ၂ နာရီတောင် အရမ်းနည်းတယ်လို့ ထင်ရတယ် ဇတ်လမ်း စတည်ထားတာက ၂၀၀၀ ခုနှစ် မပြည့်ခင် အရင်ကာလ တုန်းက ဖြစ်ပြီး လူငယ် ၂ ယောက် ရဲ့ ဆယ်ကျော်သက် ကာလ နဲ့ လူလတ်ပိုင်း ကာလ တို့ရဲ့ ကာရိုက်တာကို လှလှပပ ပြသွားခဲ့ပြီး ခေတ်ကာလ နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်တွေ မိတ်ကပ်တွေ အဝတ်အစားတွေ အနေအထိုင်တွေ နဲ့ သီချင်းတွေက အစ 90 ခုနှစ်ဖွားတွေ အတွက် ပြန်အောင်းမေ့သတိရစေနိုင်တဲ့ သီချင်းအမျိုးအစားတွေ ပါဝင်နေခဲ့ပါတယ်….

အချစ်ဆိုတာ အရမ်းချစ်ရင် အရမ်းနာကျင်ရတယ်လို့ ပြောကြတယ် ဥပမာ ချစ်တဲ့သူကို လွမ်းလို့ သူနဲ့ အတူသွားခဲ့တဲ့နေရာတွေ လျှောက်သွားနေမိတာမျိုး အတူသောက်ဖူးတဲ့ ကော်ဖီကို ပြန်သောက်နေမိတာမျိုး အတူ နားထောင်ခဲ့ဖူးတဲ့ သီချင်းကို ပြန်ကြားမိရင် ရင်ခုန်မိတာမျိုးတွေ…

ဒီ ရုပ်ရှင်ကားထဲက လူငယ် ၂ ယောက်ဟာ ချစ်ပေမဲ့ နီးစပ်လိုက် ဝေးလိုက် နဲ့ အချိန်တွေရဲ့ နောက်မှာ အလွဲလေးတွေ နဲ့ ကခုန်နေခဲ့ကြတယ်… ဒီရုပ်ရှင်ကားကို ကြည့်ရင် အိုဗာတင်းတွေ ရိုဆန်တာတွေ မျှော်လင့်မထားပါနဲ့ အဲ့ထက်မက တန်ဖိုးရှိတာတွေ တွေ့ရမှာပါ…

ပါးစပ်က မပြောပဲနဲ့ ချစ်တဲ့ အကြောင်းအရာတွေကို မျက်လုံးက ပြောဖြစ်ခဲ့တာမျိုး… တစ်ယောက်ယောက်ကို ချစ်မိရင် ပျော်ရွှင်ရတာမျိုး ချစ်တဲ့သူကို ပွတ်သီးပွတ်သက် လုပ်နေရရင် ပျော်ရွှင်ပြီး ရင်ခုန်ခံစားရတာမျိုး စသဖြင့် အချစ်စစ်ရဲ့ ရင်ခုန်သံကို ခံစားရမှာပါ။ ဒီရုပ်ရှင်ကို ကြည့်တဲ့သူက ချစ်သူရှိရှိ မရှိရှိ ရုပ်ရှင်ထဲကို လိုက်ပြီး ရင်ခုန်ခံစားရမှာပါပဲ…Thin Zar Htet က ဘာသာပြန်ပေးထားပြီး Thit San Khant က Review ရေးပေးထားပါတယ်။

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger