Mirage 2018

IMDb….7.8 ၁၉၈၉ ခုနှစ်… နီကိုဆိုတဲ့ကောင်လေးက ဂစ်တာတီးသီချင်းဆိုဝါသနာတဲ့ကောင်လေး… နီကိုဟာ ဂစ်တာတီးသီချင်းဆိုတဲ့အချိန် ဗွီဒီယိုမှတ်တမ်းလေးတွေတင်ထားလေ့ရှိတယ်… တစ်နေ့သူဂစ်တာတီးနေတုန်း အိမ်နီးနားချင်း မိသားစုဆီကနေ ဆူညံသံတွေကြားလွန်းတော့ ကလေးပီပီ စူးစမ်းချင်စိတ်ကြောင့် သွားကြည့်မိတယ်… သွားကြည့်မိတာနီကိုအတွက် တကယ့်မဟာအမှားပါပဲ… သူအိမ်ထဲကိုရောက်တဲ့ ယောက်င်္ကျားဖြစ်သူမှ သူ့မိန်းမကို ဓားနဲ့ထိုးသတ်တာကိုတွေ့လိုက်ရပါတယ်… နီကိုတစ်ယောက် ကြောက်လန့်တကြားအိမ်အပြင်ထွက်ပြေးတဲ့အချိန် ကံဆိုးစွာပဲ ကားတိုက်ခံရပြီးဆုံးပါးသွားတယ်…
သူ့ရဲ့ အခန်းလေးထဲမှာတော့ ဗီဒီယိုကင်မရာလေးတစ်လုံး TVတစ်လုံးနဲ့ သီချင်းမှတ်တမ်းတိပ်ခွေပေါင်းများစွာကျန်ခဲ့လေရဲ့… ဒီ TV ၊ကင်မရာ နဲ့ တိပ်ခွေတွေကပဲဒီဇာတ်ကားရဲ့အလှည့်အပြောင်းလို့ဆိုရမယ်…နောက်နှစ်ပေါင်း (၂၅) နှစ်ကြာတော့ နီကိုအသက်ရှိစဉ်ကနေခဲ့တဲ့အိမ်ကို မိသားစုတစ်စုပြောင်းလာတယ်..အဲ့ဒီမိသားစုဟာ ဒီတိပ်ခွေနဲ့ တီဗွီ ကင်မရာတို့ကိုတွေ့ရှိပြီးနောက်မှာတော့… တကယ့်ကပ်ဆိုးကြီးကျရောက်သလိုဖြစ်သွားတယ်… ဒီကားက စပိန်ဇာတ်ကားဖြစ်ပြီး အလှည့်အပြောင်း များလွန်းတဲ့ဇာတ်ကားလို့တောင်ဆိုရမယ်ထင်တယ်… ဇာတ်လမ်းကိုနိဒါန်းလေးပျိုးနေတဲ့ မိနစ်(၂၅)မိနစ်လောက်အထိသာ သာမန်လို့ထင်ရပေမယ့် အဲ့ဒီနောက်ပိုင်းတော့ကြည့်ရှုတဲ့သူဟာ “ဟာ” ခနဲတောင်ရေရွတ်မိမယ်ထင်တယ်…
Tempo ကျသွားတာမရှိသလောက်ပဲ… မထင်မှတ်ထားတဲ့ဇာတ်အိမ်တွေ plot twist တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်…sci-fi thriller အပြင် Drama လေးတွေပါ ရောနှောထားတယ်…ဇာတ်လမ်းက အတော်ဆွဲဆောင်မှုရှိတဲ့ကားမို့ စပွိုင်လာရှောင်ပြီးဒီလောက်ပဲပြောပါရစေ…ဒီကားက ခင်ဗျားတို့ထင်ထားတာထက်ပိုကောင်းနေလိမ့်မယ်…..စကားမစပ် ပရော်ဖက်ဆာလို့ ကျွန်တော်တို့ သိခဲ့တဲ့ ဘဏ်ဓားပြကြီးပါဝင်ထားပါတယ်…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ပဲဖြစ်ပါတယ်…
Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။
YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။
Report via Messenger