Blue My Mind 2018

Blue My Mind 2018

Drama Fantasy Mystery

လောကကြီးမှာ ရှင်သန် ကြီးပျင်းရတာ ခက်ခဲလိုက်တာကျွန်မဖြစ်ချင်တဲ့ဆန္ဒတွေကို တားဆီးပိတ်ပင်ခံရပြီးသူတို့လိုချင်တဲ့ ပုံစံခွက်ထဲမှာ နေထိုင်ရတာ မုန်းဖို့အလွန် ကောင်းပါတယ် … ကျွန်မအသက်က ၁၅နှစ်ရှိနေပါပြီ ကျွန်မရဲ့မိဘတွေက ကြွယ်ဝပြည့်စုံတဲ့ လူတန်းစားထဲကပါပဲ …  ဒါပေမယ့် အဆင်မပြေတာက ကျွန်မရဲ့ အသွေးအသားပြောင်းလဲလာမှုပါအပျိုဖော်ဝင်ခါစအရွယ် ခန္ဓာကိုယ်ရဲ့ဟော်မုန်းဓာတ်တွေပြောင်းလဲလာတော့လိုချင်တပ်မက်တဲ့အရာတွေ လဲ ပြောင်းလဲလာတယ်လေ … … …

အဲ့အချိန်မှာ မိဘတွေရဲ့အလုပ်အကိုင်နယ်မြေပြောင်းတော့ကျွန်မလဲ ကျောင်းအသစ်ကိုလိုက်ပြောင်းခဲ့ရတယ်လူအသစ်တွေနဲ့ ပေါင်းသင်းဆက်ဆံဖို့က အရမ်းခက်ခဲပါတယ်သူတို့တွေရဲ့ လူရာမသွင်းသလို ဆက်ဆံပုံကကျွန်မရဲ့ သိမ်ငယ်စိတ်ကို နှိုးဆွသလိုဖြစ်နေတယ်လောကကြီးကို အရွဲ့တိုက်ချင်စိတ်တွေလည်း ပြည့်နှက်နေပါပြီအဲ့ဒါတွေအပြင် ကျွန်မရဲ့သဘာဝတရားနဲ့ လူအများရဲ့သဘာဝတရားကအံဝင်ခွင်ကျဖြစ်တယ်လို့လည်း မခံစားရဘူးကျွန်မရဲ့ခြေထောက်တွေကိုလဲ မုန်းတယ် ကျွန်မရဲ့ခြေထောက်တွေကသူများတွေလိုလဲ မလှပဘူးလေ လှီးထုတ်ပစ်ချင်တဲ့အထိ စိတ်ရူးပေါက်လာတယ်နောက်ဆုံး ကျွန်မရဲ့မိဘတွေကိုပါ ကိုယ့်မိဘအရင်းမဟုတ်ဘူးလို့ ခံစားလာရတယ်အဲ့ဒါတွေအတွက် ကျွန်မ ဘယ်လိုဆုံးဖြတ်ချက်ချသင့်လဲကျွန်မကိုရော ဘယ်သူက ကူညီပေးနိုင်မှာလဲဆရာဝန်တွေနဲ့ရော တိုင်ပင်သင့်လားသူတို့ကရော ကူညီပေးနိုင်မှာလား … … …

ဒီဇာတ်ကားလေးမှာ ဆယ်ကျော်သက်တစ်ယောက်ရဲ့ ခံစားချက်တွေကိုမြင်ယောင်မိသွားအောင် ရိုက်ပြထားပါတယ်အများနဲ့တန်းတူဖြစ်နေအောင်အများနဲ့အံဝင်ခွင်ကြဖြစ်အောင် ကြိုးစားရုန်းကန်နေပေမယ့်သူမရဲ့ပြောင်းလဲလာတဲ့ သဘာဝတရားကို လွန်ဆန်နိုင်ခြင်းမရှိခဲ့တဲ့ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးပြထားတာပါ … … …

ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ နောက်ဆုံးမှ ချပြခဲ့တဲ့ လျှို့ဝှက်ချက်လေးတစ်ခုပါပဲ … သူမဘာကို ရင်ဆိုင်ကြုံတွေ့နေရတာလဲ လူအများထက်ပိုပြီးဘာကြောင့် စိတ်ဖိစီးမှုများနေရတာလဲ ဆိုတာကတော့ …  … … 

Sex ကိစ္စ ဆက်ဆံကြသည့် အခန်းများ ပါဝင်ပါတယ် အသက်မပြည့်သေးသည့် သူများ ကြည့်ရှုရန် မသင့်တော်ပါ

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger