Five Feet Apart 2019

သင်တို့ သိပ်ချစ်ရတဲ့ ချစ်သူကို လက်လွှတ် ဆုံးရှုံးရရင် အရမ်းကို ဝမ်းနည်း နေကြမှာလား … သိပ်ကိုဝမ်းနည် းကြမှာပေါ့ … ကိုယ် သိပ်ချစ်ရတဲ့ လူပဲလေ … ထပ်မေး ချင်တာက သင်တို့ရဲ့ ချစ်သူ စိတ်ကောက်နေတဲ့ အခါမှာ အနား မလာနဲ့ ဖုန်းမဆက်နဲ့ လို့ပြောလိုက်ရင် သင်တို့ အရမ်းကို ကမ္ဘာပျက်မတတ် ခံစားကြမှာလား … သိပ်ကို ခံစားကြမယ် ထင်ပါတယ်…ဘာလို့လဲဆိုတော့ သင်တို့ချစ်ရဲ့ချစ်သူကောင်လေးတွေ ကောင်မလေးတွေရဲ့အနားမှာ သင်တို့သိပ်ကိုနေချင်ကြတာကိုး …
ဒါပေမယ့် ဒီကားထဲက ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်လိုအဖြစ်မျိုးဆိုရင်တော့ သင်တို့ဘယ်လိုမှခံစားနိုင်မှာ မဟုတ်လောက်ပါဘူး … သူတို့လောက်လည်း ချစ်နိုင်မယ် မထင်ပါဘူး … ကားလေးကတော့ ရိုးရိုးလေးနဲ့ ဆယ်ကျော်သက်အရွယ် ရောဂါသည် လူနာလေးနှစ်ယောက်ရဲ့ သနားစရာ အချစ်ပုံပြင်လေးကို ဇာတ်အိမ် တည်ထားတာပါ… Rating 7.1 အထိရရှိထားတဲ့ ဒီကားလေးထဲမှာတော့ Riverdale ရဲ့မင်းသားချောလေး Cole Sprouse ပါဝင်သရုပ်ဆောင်ထားပါတယ်
Cystic Fibrosis လို့ခေါ်တဲ့မွေးရာပါ မျိုးရိုးဗီဇ အရ ရောဂါရှိတဲ့သူတွေ အကြောင်းကို ဒရမ်မာ ဆန်ဆန် ရိုမန်တစ် ဆန်ဆန် ရိုက်ကူး ထားတာပါ။ ရောဂါရှိတဲ့ သူတွေ အချင်းချင်း အနားကပ်ထိတွေ့မိရင် ရောဂါပို ဆိုးရွား လာနိုင်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေအကွာမှာ နေရမယ်ဆိုတဲ့ စည်းမျဉ်းကြီး တစ်ခုရှိပါတယ် (ကားနာမည်က ဘာလို့ Five Feet Apart လည်းဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ကြည့်လိုက်ပါနော်?) ရောဂါရှိတဲ့သူ နှစ်ယောက် ဆေးရုံတစ်ရုံထဲမှာ တွေ့ပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသွားတဲ့အခါ…
ကိုယ်ချစ်ရတဲ့သူကိုထိတွေ့ဖို့မပြောနဲ့အနားတောင်ကပ်ခွင့်မရှိတဲ့သူတို့ဘဝလေးနှစ်ခုနောက်ဆုံးမှာအဆုတ်အစားထိုးကုသခွင့်ကိုကောင်မလေးကရလာတဲ့အခါမှာ… ကောင်လေးကိုအသက်တမျှချစ်တဲ့ကောင်မလေးဘာတွေလုပ်မလဲ… ကောင်လေးကရောအသက်ရှင်နိုင်မလားဆိုတာတွေကိုတဝကြီးငိုပြီးကြည့်ရမှာပါ … ဒီကားလေးကိုကြည့်ပြီး သင်တို့လည်း သင်တို့ချစ်သူတွေကို ၆ ပေအကွာမပြောနဲ့ ၁ ပေအကွာမှာတောင်နေလို့ရလား ….သူပျော်နေတာလေးကိုပဲ အဝေးကြီးကနေ ကြည့်နေနိုင်လား …တကယ်လို့ အဲလိုမနေနိုင်ဘူးဆိုရင် အနားမှာရှိတဲ့ချစ်သူကို ချစ်နိုင်တုန်းရတဲ့ အချိန်လေးမှာ ချစ်ကြပါ … ဒီကားလေးကြည့်ပြီး ချစ်တဲ့လူတိုင်းခံစားနိုင်ကြပါစေ …
Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။
YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။
Report via Messenger