Cold Pursuit 2019

Cold Pursuit 2019

Action Crime Drama Thriller

ဒီတစ်ခေါက်တော့CMပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးနာမည်က Cold Pursuit (2019)ပါ။ နာမည်ကျော်မင်းသားကြီး Liam Neeson ကအဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့   Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။ 

ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။ နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ်သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်းအေးဆေးစွာနေထိုင်လာခဲ့သူပါ။ ကီးဟိုးမြို့ရဲ့တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာအများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့်တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။ သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။

ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့်သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။သူ့သာသေဆုံးမှူနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်းသူဘာတွေသိလာခဲ့ရသလဲ?သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ?သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ?ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CMပရိတ်သတ်ကြီးအတွက်ဒီကားလေးက အကြိုက်တွေ့စေမှာအမှန်ပါပဲ…

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger