What Happened to Monday 2017

What Happened to Monday 2017

Action Adventure Crime Fantasy Mystery Sci-Fi Thriller

၂၀၁၇ ထွက် IMbD rating 6.9 ရထားတဲ့ Science ficition/Triller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီကနေသိပ်မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ  အဆမတန်များပြာလာပါတယ်။ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုးရိုး ဗီဇ ပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ ထုတ်လုပ်ခဲ့တယ်။

ဒီအတွက် စားနပ်ရိက္ခာ ပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့ အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးပြောင်းလဲပြီး (၅) မွှာ (၆) မွှာ စသဖြင့် ကလေးအမွှာတွေ မွေးဖွားနှုန်း အရမ်းမြင့်တက်လှပါတယ်။လူဦးရေးတိုးပွားလာချိန်မှာ ဒီလို အမွှာတွေမွေးလာတဲ့အတွက် ကျွေးမွေးဖို့ကလည်း ပြဿနာပြန်ဖြစ်လာပါတယ်။ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီး ကျန်တဲ့ကလေးမွေးချင်းမောင်နှမတွေကို  Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်းနည်းဖြင့် အေးခဲပြီး သိုလှောင်ထားပါတယ်။ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲဝေစီမံခန့်ခွဲရေး ဗြူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။

တစ်နေ့မှာတော့ တစ်ပုံစံတည်းတူတဲ့ မိန်းကလေးအမွှာ (၇) ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေဆုံးသွားတဲ့ အတွက် အဘိုးဖြစ်သူက ဒီ ကလေး (၇) ယောက်ကို  တိုက်ခန်းတစ်ခုမှာ တိတ်တိတ်လေး ခိုးမွေးထားခဲ့ပါတယ်။ ၇ယောက်ဖြစ်တဲ့အတွက် တနင်္လာ  အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ နဲ့ တနင်္ဂနွေလို့ နာမည်ပေးထားခဲ့တယ်။သူတို့ (၇) ယောက်က သူတို့နာမည်နဲ့တူတဲ့ နေ့ရက်တွေရောက်ရင် အလှည့်ကျ တစ်ယောက်တစ်ရက်စီ အပြင်ထွက်ခွင့်ရခဲ့တယ်။          ဒီအမွှာ (၇) ယောက်ဘယ်လို ရှင်သန်ကြီးထွားခဲ့သလဲ          သူတို့ တည်ရှိနေမှုကို ဗြူရိုက သိရှိသွားရင် ဘယ်လို ခရီးဆက်ကြမှာလဲ          သူတို့ရဲ့ အချစ်ရေး ကိစ္စတွေက ဘယ်လိုဖြစ်မှာလဲဆိုတာကို ဆက်လက် ကြည့်ရှုလိုက်ကြပါ။ တကယ်ကိုကောင်းတဲ့ သိပ္ပံအက်ရှင် ကားကောင်းလေး တစ်ခုပါ။

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger