The 15:17 to Paris 2018

ဒီဇာတ်ကားဟာ ၂၀၁၅ တုန်းကဖြစ်ပွားခဲ့တဲ့ ISIS ရထားအကြမ်းဖက်မှုကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ အဆိုပါအကြမ်းဖက်မှုမှာ အသက်နဲ့ရင်းပြီးကယ်တင်ခဲ့တဲ့ အမေရိကန်လူမျိုးသူငယ်ချင်သုံးဦးဖြစ်တဲ့ စပန်ဆာစတုန်း၊ အဲလက်စကာလာတို့စ် နဲ့ အန်တိုနီဆက်ဒ်လာ တို့ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒါရိုက်တာဟာလည်း တစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အော်စကာလေးဆုရမင်းသားကြီး Clint Eastwood ပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဇာတ်လိုက်သုံးယောက်ရဲ့ငယ်ဘဝကနေ စတင်ပြီး ရိုက်ကူးပြသထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအနေနဲ့ အတန်ငယ် ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒါပေမယ့်ကိစ္စမရှိပါဘူး ဆက်သာကြည့်ကြပါ။ ကြည့်ရင်းနဲ့ဇာတ်လမ်းဟာတဖြည်းဖြည်းနဲ့အရှိန်တက်လာပြီး ဇာတ်လမ်းအဆုံးထိ ပါအောင်ဆွဲခေါ်သွားပါလိမ့်မယ်။ ဒါ့အပြင် ဇာတ်လိုက်သုံးဦးရဲ့ ဥရောပခရီးစဉ်အစဖြစ်တဲ့ ဗင်းနစ်မြို့ရဲ့ရှုပျော်ဖွယ်ရာကောင်းတဲ့အလှနဲ့ အမ်စတာဒမ်မြို့ရဲ့အရိုင်းဆန်တဲ့ အလှတွေကိုပါ ခပ်ပါးပါးလေးပြသွားတဲ့အတွက် ခရီးထွက်ရတာကို ကြိုက်နှစ်သက်သူတွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။
YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။
Report via Messenger