Wild Hogs 2007

Wild Hogs 2007

Action Adventure Comedy

“စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်ဆိုတာ ကိုယ်နဲ့ နှစ်ကိုယ့်တစ်စိတ်ရှိနေသူပဲ”လို့ ဒဿနပညာရှင်ကြီး အရစ္စတိုတယ် ပြောဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ ဘ၀တွေမတူ စိတ်အခြေအနေ‌ေတွ မတူပေမယ့် ရူးသွပ်မှုခြင်း တူညီကြတဲ့ လူလတ်ပိုင်းအရွယ် သူငယ်ချင်းလေးယောက်ရဲ့ ဗရုတ်သုတ်ခတွေအကြောင်းပါ။အလုပ်သာ အဓိက ကျန်တာ သာမညထင်နေတဲ့ သွားဆရာ၀န် တစ်ယောက် ။ ဘာမှအဖြစ်မရှိတဲ့ ကွန်ပျူတာပရိုဂရမ်မာ တစ်ယောက်။ အိမ်သာဆေးရတဲ့အထိ အလုပ်ကြမ်းပေါင်းစုံ လုပ်ရတဲ့ စာ‌ရေးဆရာရူးလူမည်းတစ်ယောက်။ လေးယောက်မြောက်ကတော့ သူတို့ထဲက ကံအကောင်း‌ဆုံး တစ်ယောက်လို့ သူတို့ကိုယ်တိုင်ပြောကြတဲ့ ပိုက်ဆံချမ်းသာပြီး မော်ဒယ်မကို လက်ထပ်ထားတဲ့ ဝူဒီ။

သူတို့အားလုံးမှာ တူညီတာကတော့ အမဲေရာင်ဂျာကင်‌ေတွ ၀တ်ပြီး ဆိုင်ကယ်ပတ်စီးကြတဲ့ ဆိုင်ကယ်သမားတွေ ဖြစ်ချင်ြကတာပါပဲ။ မြို့ထဲပဲပတ်မောင်းနေရတဲ့ သူတို့ဆိုင်ကယ်သမားအဖွဲ့ကိုလည်း Wild Horse:လို့ သူတို့ဘာသာ နာမည်ပေးထားပါသေးတယ်။တစ်ရက်မှာတော့ သူတို့ထဲက ကံအကောင်း‌ဆုံးဝူဒီဟာ ဇနီးရယ်ကွာ အိမ်ရယ်က‌ဆုံး ပြီး တမုဟုတ်ချင်း ကံအဆိုးဆုံးတစ်ယောက်ဖြစ်သွားပါတယ္။ ဆန်အိုးသာကုန် မာန်မလျှော့သေးတဲ့ ဝူဒီဟာ ဒီအ‌ကြောင်းတွေကို သူငယ်ချင်းတွေကို မ‌ပြောဘဲ သူ့နောက်ဆုံး ပိုင်ဆိုင်မှုဖြစ်တဲ့ ဆိုင်ကယ်တစ်စီးနဲ့ မိုင်တစ်ထောင်ခရီးရှည်တစ်ခုထွက်ဖို့ ဆွယ်ပါတယ်။ နေရင်းထိုင်ရင်းတောင် ပြဿနာတက်နေကြတဲ့ Wild Hogs တွေဟာ ဒီခရီးရှည်ကြီးမှာ ပြဿနာကို ဘယ်လိုမီးခွက်ထွန်းရှာဦးမလဲ ဆိုတာ သဘာ၀ကျကျဟာသတွေနဲ့အတူ မြင်ကြရမှာပါ။ကျွန်တော်မြင်ဖူးသမျှ ရုပ်ရှင်တွေထဲ အပီအပြင်ကြမ်းပြနေကြ ဂျွန် ထရာဗိုကြီးဟာ လူပေါဇာတ်ရုပ်နဲ့လည်း အတော်သရုပ်ဆောင် ကောင်းခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဟာသရုပ်ရှင်တစ်ခုပါပဲ။ ဒါပေမယ့် ဘ၀တစ်ခုမှာ သူငယ်ချင်းတွေ ဘယ်ရွေ့ဘယ်မျှ အရေးပါလဲဆိုတာ ‌ခင်ဗျားတို့ကို ကောင်းကောင်းကြီး ခံစားမိသွားစေမှာပါ။သူငယ်ချင်းကောင်း‌ေတွဆိုတာ ဆုံတွေ့ဖို့ မလွယ်ပါဘူး။ တွေ့ပြီးတဲ့အခါကျလည်း သူတို့က ခင်ဗျားကို စွန့်ပစ်သွားဖို့ဆိုတာကလည်း ဒီထက်ပိုခက်ခဲပါတယ်။ သူတို့ကိုမေ့ပစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက် ခက်ခဲတဲ့ အခက်ဆုံးအရာတစ်ခုပါပဲ။

YIFY Myanmar က ကိုယ်ပိုင် ဆာဗာပေါ်မှာ ရုပ်ရှင်တွေကို မျှ၀ေတဲ့ Website တစ်ခု ဖြစ်ပြီး Virus Link ကြော်ငြာလင့်တွေ လုံး၀မပါတဲ့ Website တစ်ခုဖြစ်ပါတယ်။ ကြေငြာကနေ အခကြေးငွေရခြင်းမရှိတာမို့ Yify Myanmar ရေရှည်ရပ်တည်နိုင်ဖို့ လစဉ်ကြေးနဲ့ ၀ယ်ယူ အားပေးကြဖို့ တိုက်တွန်းပါတယ်။

Buy and Support Us

Firefox, Chrome, Safari, IE, UC Browser နှင့် အခြား လူသုံးများသော Browser အားလုံးတွင် Download အဆင်ပြေစွာ ဆွဲနိုင်အောင် ပြုလုပ်ထားပါသည်။ Facebook, Goolge နှင့် Messenger တို့၏ In App Browser များနှင့် သို့ Facebook Download API များနှင့် Download ဆွဲလျှင် Error ဖြစ်တတ်ပါသည်။

YIFY Website အသုံးပြုခြင်းနဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ လိုတယ်ဆို Messenger ကနေ တစ်ပတ်ကို ၇ ရက် ပိတ်ရက်မရှိ လာမေးလို့ရပါတယ်။ အတတ်နိုင်ဆုံးဖြေပေး၊ ကူညီပေးပါမယ်။ Website ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင့်သေနေတာ လင့်အလုပ်မလုပ်တာ ဆိုရင် Messenger ကနေတစ်ဆင့် Report လုပ်ပေးပါ။ ပြန်ပြီးပြင်ပေးပါမယ်။

Report via Messenger